စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ၌ မုံရွာမြို့ပေါ်ရှိ သတ်မှတ်မဲရုံများတွင်မဲဆန္ဒရှင်ပြည်သူများ စိတ်အေး ချမ်းသာစွာဖြင့် ဆန္ဒမဲပေးနေမှုများအား လိုက်လံကြည့်ရှု

မုံရွာ   ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများနှင့် အဖွဲ့ဝင် များသည် ဒီဇင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)သို့ ရောက်ရှိရာသတ်မှတ်မဲရုံများတွင် နန္ဒဝန်ရပ်ကွက်ရှိမဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆန္ဒမဲပေးနေမှုများနှင့် မဲဆန္ဒရှင်ပြည်သူများအား သောက်သုံးရေများနှင့်အချိုရေများ ဝေငှပေးနေမှုများအားလည်းကောင်း၊ မုံရွာမြို့၊ ပြည်သူ့ကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမရှိ သတ်မှတ်မဲရုံများတွင် ရုံးကြီးရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည် သူများ စိတ်အေးချမ်းသာစွာဖြင့်ဆန္ဒမဲပေးနေမှုများအား လည်းကောင်း လိုက်လံကြည့်ရှုခဲ့ ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ မဲဆန္ဒရှင်ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အိုးဘို တောင်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိရာ အိုးဘိုတောင်ရပ် ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ သတ်မှတ်မဲရုံများတွင် စိတ်အေးချမ်းသာစွာဖြင့် ဆန္ဒမဲပေး နေမှုများအား လည်းကောင်း၊ ကွေ့ကြီးရပ်ကွက် အမှတ်(၂၅)အခြေခံပညာအလယ်တန်း

ကျောင်း(ခွဲ) သတ်မှတ်မဲရုံများတွင် စိတ်အေးချမ်းသာစွာဖြင့် ဆန္ဒမဲပေးနေမှုများအား လည်းကောင်း၊ အောင်ချမ်းသာရပ်ကွက် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းရှိ သတ်မှတ်မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆန္ဒမဲပေးနေမှုများ အား လည်းကောင်း၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ သတ်မှတ်မဲရုံများ တွင် ဆူးလေကုန်းရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူ များစိတ်အေးချမ်းသာစွာဖြင့် ဆန္ဒမဲပေး နေမှုများအား လည်းကောင်း၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ သတ်မှတ်မဲ ရုံများတွင် အောင်မင်္ဂလာရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆန္ဒမဲ ပေးနေမှုများအား လည်းကောင်း လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့ကြသည်။   

 အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာများသည် ဒီဇင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်ထောင်စု လမ်း ရထားသံလမ်းတစ်လျှောက်အား တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။   

ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူမျးအား တိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဆီများအား ဈေးနှုန်းသက်စွာဖြင့် ရောင်းချ  ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူ များအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည် သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာအား ကစားလလူထုလှုပ်ရှားမှု အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲယှဉ် ပြိုင်နေမှုများအား ကြည့်ရှုအားပေးကြရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန(၂) အသင်းမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန(၁)အသင်းအား (၄)ဂိုး(၃)ဖြင့် အနိုင်ရရှိ သွားကြောင်း သိရသည်။

တိုင်းဒေသကြီး၊ပြန်/ဆက်။