စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

စစ်ကိုင်း ဇန်နဝါရီ ၂

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သင်ကြား၊ စီမံဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဟောပြောပွဲတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာအေးသက်သက်ဝင်းက အဖွင့်အမှာစကားပြေားကြားခဲ့ပြီး၊ ဒေါ်စုလှိုင်မိုး(တွဲဖက်ပါမောက္ခ) သမိုင်းဌာနမှ လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မီတာ၁၀၀လမ်းလျှောက်ပြိုင်ပွဲ၊ သံလုံးပစ် ပြိုင်ပွဲ၊ သံပြားပစ်ပြိုင်ပွဲ၊ အားလူးကောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲများ ကျင်းပပေးခဲ့ရာ ကျောင်းသား၊ ကျောင်း သူများက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်းနှင့် တာဝန် ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)