ရွှေဘို ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ စက်ဘီးစီးပြိုင်ပွဲကို ယနေ့နံနက် (၆) နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ စက်ဘီးစီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူ (၅၉)ဦးရှိပြီး ပြိုင်ပွဲကို ရွှေဘိုမြစ်ကြီးနားလမ်းခွဲမှ စတင်တာထွက်ကာ၊ ရွှေဘိုကိုးပင်ဆည်မှ ရန်ကြီးအောင်ပန်းခြံရှေ့သို့ ပြန်လည်ပန်းဝင်ခဲ့သည်။ Racing Bike ပြိုင်ပွဲနှင့် Mountain Bike ပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိခဲ့သူများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)