စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ ဇန်နဝါရီ ၄

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပြူကန်ရပ်ကွက်ရှိ စက္ကဝဠာမင်းရန်သိန်းစေတီတော်နှင့် အောင်သိဒ္ဓိစေတီတော် ရတနာစိန်ဖူးတော်နှင့် ငှတ်မြတ်နားတော် တင်လှူပူဇော်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြပြီး စစ်ကိုင်းမြို့၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပြည်တော်အေးကျောင်းဆရာတော်ကြီးထံမှ တိုင်းဒသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ပင့်သံဃာ ဆရာတော်၊ သံဃာတော်များထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ဆက်လက်၍ ဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် စစ်ကိုင်းမြို့၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပြည်တော်အေးကျောင်းဆရာတော်ကြီးထံမှ တိုင်းဒသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ ဧည့်ပရိတ်သတ်များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား စေတီတော်ကြီးအထက်သို့ တင်လှူပူဇော်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက်ရှိ စန်းဘုန်းပွင့်အောင်စေတီတော် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြပြီး စစ်ကိုင်းမြို့၊ ဆွမ်းချက်ရပ်ကွက်၊ ရွှေစေတီပရိယတ္တိစာသင်တိုက်ကျောင်း ဆရာတော်ကြီးထံမှ တိုင်းဒသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ပင့်သံဃာ ဆရာတော်၊ သံဃာတော်များထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုကြ သည်။

ဆက်လက်၍ ဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် စစ်ကိုင်းမြို့၊ ဆွမ်းချက်ရပ်ကွက်၊ ရွှေစေတီပရိယတ္တိစာသင်တိုက်ကျောင်းဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ ဧည့်ပရိတ်သတ်များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား မင်္ဂလာအချိန်ကျရောက်သည်နှင့်တစ်ပြိုင်နက် စေတီတော်ကြီးအထက်သို့ တင်လှူပူဇော်ခဲ့ကြပြီး ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက်ရှိ ဘုရားကြီးဆုတောင်းပြည့်စေတီတော် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြပြီး စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက်၊ ဘုရားကြီးကျောင်းတိုက် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ပင့်သံဃာဆရာတော်၊ သံဃာတော်များထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ဆက်လက်၍ ဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက်၊ ဘုရားကြီးကျောင်းတိုက် ဆရာတော်ကြီးထံမှ  တိုင်းဒသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ ဧည့်ပရိတ်သတ်များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား မင်္ဂလာအချိန်ကျရောက်သည်နှင့်တစ်ပြိုင်နက် စေတီတော်ကြီးအထက်သို့ တင်လှူပူဇော်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ မကျီးစင်ရပ်ကွက်ရှိ ရွှေဘုံသာစေတီတော် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင် လှူပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြပြီး စစ်ကိုင်းမြို့၊ ရွှေတိုးကျောင်းတိုက် ဆရာတော်ကြီးထံမှ တိုင်းဒသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ပင့်သံဃာဆရာတော်၊ သံဃာတော်များထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ဆက်လက်၍ ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ ကြသည်။

ထို့နောက် စစ်ကိုင်းမြို့၊ ရွှေတိုးကျောင်းတိုက် ဆရာတော်ကြီးထံမှ တိုင်းဒသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိတ်သတ်များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား မင်္ဂလာအချိန်ကျရောက်သည်နှင့်တစ်ပြိုင်နက် စေတီတော်ကြီးအထက်သို့ တင်လှူပူဇော်ခဲ့ကြပသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၇၈)နှစ်မြောက်၊ လွန်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်၊ ဓမ္မရောင်ခြည်လမ်း နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုုပ် ဦးမြတ်ကျော်၊ စစ်ကိုင်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် မြို့မိမြို့ဖတစ်ဦးတို့က စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်၊ ဓမ္မရောင်ခြည်လမ်း နိုင်လွန်ကတ္တရာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ နိုင်လွန်ကတ္တရာလမ်းအား ဖြတ်သန်းကြည့်ရှုခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၇၈)နှစ်မြောက်၊ လွန်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်ရှိ အစေခံတပ်လမ်း နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့မိမြို့ဖတစ်ဦးတို့က နိုင်လွန်ကတ္တရာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီခဲ့သည့် ဘင်ခရာ/ပန်းပွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ နိုင်လွန်ကတ္တရာလမ်းအား ဖြတ်သန်းကြည့်ရှုခဲ့ကြကာ ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြိုု့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် (၇၈)နှစ်မြောက်၊ လွန်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းမြို့တွင်း နိုင်လွန်ကတ္တရာလမ်းများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားရည်ရွယ်ပြီး နိုင်လွန်ကတ္တရာလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ လမ်းများကောင်းမွန်လာသည်နှင့်အမျှ ပြည်သူများသွားလာရေး လွယ်ကူပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အခန်းကဏ္ဍများတွင်လည်း တစ်ဆက်ဆစ်စပ်တည်း ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ မြို့နေပြည်သူများအနေဖြင့်လည်း မိမိမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်ပင်သာယာရေးလုပ်ငန်းများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် စစ်ကိုင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိမှ စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်များတွင် နိုင်လွန်ကတ္တရာလမ်းများ ခင်းကျင်းဆောင်ရွက်ခဲ့မှု လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်များတွင် နိုင်လွန်ကတ္တရာလမ်းများ ခင်းကျင်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓါတ် ပုံများအား ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အရှည် - ၅၄၀၀ ပေ၊ အကျယ်- ၅ ပေ၊ အနက်- ၃ ပေခွဲ တောင်ရိုးလမ်းတစ်လျှောက် လမ်းဘေးရေမြောင်းများ ပြုပြင်ဆောင်ရွက်နေမှု လုပ်ငန်းခွင်သို့ ရောက်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူးက လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ တောင်ရိုးလမ်းတစ်လျှောက် လမ်းဘေးရေမြောင်းများ ပြုပြင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  

တိုင်းဒေသကြီး(ပြန်/ဆက်)