ကလေးအကျဥ်းထောင်မှ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ လွှတ်ငြိမ်းခွင့်အမိန့် အမှတ်(၂/၂၀၂၆) ဖြင့် အကျဉ်းသား/သူ (၂၃) ဦးလွတ်ငြိမ်းသက်သာခွင့်ပေး

ကလေး ဇန်နဝါရီ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် အကျဉ်းဦးစီးဌာန၊ ကလေး အကျဥ်းထောင်မှ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ (၄-၁-၂၀၂၆) ရက်စွဲပါ အမိန့်အမှတ် (၂/၂၀၂၆)၊ ကျင့် ၄၀၁(၁) အရ အကျဥ်းသား (၂၂)ဦး၊ အကျဉ်းသူ (၁)ဦး  လွတ်ငြိမ်းသက်သာခွင့်ပေးသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ အကျဥ်းဦးစီးဌာန၊ ဇလပ်ဖြူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦး‌မိုးထက်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီးစောမြင့်တို့က လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်ကြသည့် အကျဉ်းသား/သူများအား ဆုံးမသြဝါဒစကား ပြောကြားခဲ့သည်။

ထို့နောက် ကလေးအကျဥ်းထောင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦး‌အောင်မိုးဝင်းက  အမှာစကားပြောကြားပြီး တာဝန်ရှိသူများက လွတ်ငြိမ်းသက်သာခွင့်ရရှိသူများအား ထောင်လွတ်လက်မှတ်နှင့် စားစရိတ်၊ ခရီးစရိတ်များကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြောင်း သိသည်။

ခရိုင်(ပြန်/ဆက်)