ဖောင်းပြင် ဇန်နဝါရီ ၄
စစ်ကိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲ၊ စံပြမိခင်ပြိုင်ပွဲကို မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် အသက် ၆ လမှ ၁ နှစ်အတွင်း ကလေးငယ်များအား ကိုယ်ကာယကြီးထွားမှု၊ ကိုယ်ကာယနှင့် အသိဉာဏ်ဖွံ့ဖြိုးမှု၊ ကျန်းမာရေးစစ်ဆေးချက်၊ ကာကွယ်ဆေးထိုးနှံထားမှု၊ ရုပ်ရည်၊ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့်ဆံပင်စသည့် စံသတ်မှတ်ချက်များဖြင့်လည်းကောင်း၊ စံပြမိခင်ပြိုင်ပွဲတွင် မိခင်နို့တိုက်ကျွေးမှု၊ နို့တိုက်မိခင်အစာစားသုံးမှု၊ နို့တိုက်မိခင်ကျန်းမာရေး စောင့်ရှောက်မှုခံယူခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ ကလေးအစာကျွေးမှု၊ ကလေးအား ကျန်းမာရေးစောင့်ရှောက်မှုခံယူခြင်းစသည့် စံသတ်မှတ်ချက်များဖြင့်လည်းကောင်း ကလေးနှင့် မိခင်တို့အား မြို့နယ်ပြည်သူ့ကျန်မာရေး ဦးစီးဌာနမှူး၏ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ပြိုင်ပွဲအမှတ်ပေးစည်းမျည်းများနှင့်အညီ စစ်ဆေးဆောင်ရွက်ကာ ပြိုင်ပွဲကို ကျင်းပသည်။
အဆိုပါပြိုင်ပွဲမှ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကလေးငယ်များနှင့်မိခင်များအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌမှ ဆုများအသီးသီးပေးအပ်ကာ ပြိုင်ပွဲဝင် များအား ဦးကောင်းထိုက်၊ ဒေါ်အေးမြတ်မွန်(ဟန်စတားကုမ္ပဏီ)က ကြက်ဥနှင့်အာဟာရ ပစ္စည်းများ၊ ဆုငွေများနှင့် ကလေးကစားစရာအရုပ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)