တမူးမြို့၌(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲများကျင်းပ

တမူး ဇန်နဝါရီ ၄

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၈ နာရီမှစ၍ မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲများကျင်းပရာတွင် မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများမှ ကျား၊ မ မီတာ ၅၀ ၊ ၇၅ ၊ ၁၀၀ ၊ ၂၀၀၊ အပြေးပြိုင်ပွဲ၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတန်ပစ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲများနှင့် ဂုံနီအိတ်စွပ်ပြေးပြိုင်များကို ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲ ကျင်းပရာပြိုင်ပွဲတွင်ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ရတနာ