ရွှေဘိုမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရွှေဘို ဇန်နဝါရီ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် (၇၈)နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီမှစတင်၍ ရန်ကြီးအောင် အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း၊ ဖူဆယ်ဘောလုံး၊ ပြေးခုန်ပစ်၊ မာရသွန်မီတာ (၁၀၀)၊ အိတ်စွပ်၊ သံပုံးရိုက်သံလုံးပစ်၊ သံပြားပစ်၊ လွန်ဆွဲ၊ထုတ်စည်းတိုး၊‌‌ ချောတိုင်တက်၊‌‌ ခေါင်းအုံးရိုက်၊ အားကစားပြိုင်ပွဲများနှင့် နောက်ဆုံးဗိုလ်လုပွဲများကိုကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အားကစားဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့နှစ်သက်ရာ အားကစားအမျိုးအစားအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌများ၊ မြို့မိမြို့ဖများတာ၀န်ရှိသူများက သက်ဆိုင်ရာအားကစားအလိုက် ဆုတံဆိပ်၊ ဆုဆွဲပြားနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)