ဟင်္သာတမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်ကျင်းပ

ဟင်္သာတ    ဇန်နဝါရီ      ၆

ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဟင်္သာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင်  အ.ထ.က (၁)‌ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "စုံညီပွဲတော် တို့နွှဲပျော်" သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အဖွင့်အမှာစကားပြောကြားပါသည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူး ဒေါ်စန်းယုမော်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး အ.ထ.က (၄)မှ ကျောင်းသား၊ ကျောင်းသူများက "အဖြူရောင်သံစဉ်" သီချင်းဖြင့် ကပြဖျော်ဖြေပါသည်။ ဆက်လက်၍ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက ခရိုင်အဆင့် သန့်ရှင်း၍ စိမ်းလန်း ဆိုပြေသော ကျောင်းဆု (Clean and Green Award) ရရှိသော အ.ထ.က (ခွဲ) အုတ်ပုံကျောင်း၊ အ.မ.က (၃၇)ကျောင်း တို့ကို ဆုများချီးမြှင့်ခဲ့ပြီး မြို့နယ် မိခင်ကလေး နှင့် အမျိုးသမီးရေးရာ ဥက္ကဋ္ဌဒေါ်ခိုင်ခိုင်လွင်က စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ခြင်း၊ ခရိုင်ပညာရေးမှူး ဒေါ်စန်းယုမော်က အသက် (၁၀-၁၅) နှစ်အတွင်း ဆိုင်းတစ်ဦး ခြင်း(ကျား) ပြိုင်ပွဲတွင် ဗဟိုအဆင့်ပထမဆုရရှိ‌သော မောင်ဟန်ထူးစံအား ဆုချီးမြှင့်ခြင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဗဟိုအဆင့်၊ တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့် ကာယ၊ ဉာဏပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ ကြသည့် ကျောင်းသား၊ ကျောင်းသူ ၂၃၆ ဦးတို့ကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဦးထင်အောင်ကျော်က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို အ.ထ.က (၃) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန်" သီချင်းသီဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ ဟင်္သာတမြို့မြို့နယ်မိခင်ကလေးနှင့် အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးနှင့်ကော်မတီအဖွဲ့ဝင်များနှင့် ဖိတ်ကြား‌ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ခရိုင်/ပြန်ဆက်(ဟင်္သာတ)