မော်လိုက်မြို့၌ မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

မော်လိုက် ဇန်နဝါရီ 

၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအပိုင်း (၂) တွင် အဆင်ပြေ‌ချောမွေ့စွာမဲပေးနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ မြန်မာ့အီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဇန်နဝါရီလ (၆) ရက်နေ့ ညနေ (၃) နာရီအချိန်က အ.ထ.က ကျောင်းစုံညီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရှာရှိ ဒေါ်အေးစီတာက မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ ကိုင်တွယ်အသုံးပြုပုံများနှင့် မဲပေးပုံအဆင့်ဆင့်များကို ပရိုဂျက်တာဖြင့်ပြသ၍ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် အခမ်းအနားသို့တက်ရောက်လာကြသော ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးနေမှုများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

ကိုထက် (ပြန်/ဆက်)