ရွှေဘို ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ဇန်နဝါရီ (၆) ရက်နေ့နံနက် (၁၀) နာရီအချိန်က ရွှေဘိုတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်ကြီးများနှင့် ရွှေဘိုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာမကြီး၊ သင်ကြားရေး ဆရာ/ဆရာမများနှင့် စီမံအရာရှိများအား မောင်မယ်သစ်လွင်များနှင့် မိတ်ဆက်ပေးခဲ့သည်။ ယင်းနောက် ရွှေဘိုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမြယဉ်ယဉ်ငြိမ်းက မောင်မယ်သစ်လွင် များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဝိဇ္ဇာအထူးပြုဌာနများ (ကိုယ်စား) ပထဝီဝင်ဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာမြင့်ဆန်းဝင်းက ဝိဇ္ဇာဘာသာရပ်များအားလည်းကောင်း၊ သိပ္ပံအထူးပြုဌာနများ (ကိုယ်စား) ရူပဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာသီတာဝင်းက သိပ္ပံဘာသာရပ်များအား လည်းကောင်း မိတ်ဆက် ပြောကြားခဲ့သည်။ ဆက်လက်ပြီး မောင်မယ်သစ်လွင်များကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် ကျောင်းသူလေးများမှ “လောကအားမာန်” အက၊ “မြတစ်ခက်”အက၊ “ယိမ်းသမလေးများ” အကနှင့် “အလှကမ္ဘာမြေ” အကများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောက်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီးဒေါက်တာမြယဉ်ယဉ်ငြိမ်း၊ ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)နှင့် သင်ကြားရေး ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)