အရာတော် ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ ၂၀၂၆-ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် ၈ နာရီက မဲရုံအသီးသီးတွင် စနစ်တကျ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါပြင်ဆင်ဆောင်ရွက်ရာသို့ တပ်နယ်မှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းချစ်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြည်သာအောင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မျိုးဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကြီးကြပ်ပြီး မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် အဖွဲ့ဝင်တို့က မဲရုံများကို စနစ်တကျ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
အရာတော်မြို့တွင် မဲရုံများအတွက် MVEM မဲပေးစက် (၃၉) လုံး၊ အရန်မဲပေးစက် (၂၄) လုံးတို့ကို အမှတ် (၁)တွင် မဲရုံ (၄) ရုံး၊ အမှတ် (၂)တွင် မဲရုံ (၂) ရုံ၊ အမှတ် (၃)တွင် မဲရုံ (၁) ရုံနှင့် နယ်မြေခံတပ်ရင်းတွင် မဲရုံ (၂) စုစုပေါင်း မဲရုံ (၉) ရုံ တို့ကို စနစ်တကျ ဆောင်ရွက်နေကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)