စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နေမှုနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

မုံရွာ၊ ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ ၁၀ ရက်၊ နံနက်ပိုင်းတွင်း မုံရွာမြို့၊ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူပူဇော်နေမှု လုပ်ငန်းခွင်သို့ ရောက်ရှိရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နေမှု လုပ်ငန်းများဆောင်ရွက်နေမှုများ အားလိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သာည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာမြို့၊ သမိုင်းဝင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နေမှုများနှင့် အဆိုပါစေတီတော်ကြီးပရဝုဏ်အတွင်းရှိ သမိုင်းဝင်ရန်အောင်မြင်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပြီးစီးမှုများအား လိုက်လံကြည့်ရှုဖူးမျှော်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်နေသည့် မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်ရှိ မြေဧက- ၃.၈ ဧကအကျယ်တွင် မော်တော်ကားနှင့်မော်တော်ဆိုင်ကယ် ရောင်းဝယ်ရေးစင်တာ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အဆိုပါဝန်းအတွင်း အဝင်မုဒ်ဦး၊ မော်တော်ကားနှင့် မော်တော်ဆိုင်ကယ် အရောင်းဆိုင်၊ အပိုပစ္စည်းဆိုင်၊ အလှဆင်ပစ္စည်းအရောင်းဆိုင်၊ ရေဆေးဆီလိုက်လုပ်ငန်း၊ စားသောက်ဆိုင်များနှင့် အတွင်းပတ်လမ်း နိုင်လွန်ကတ္တရာလမ်းများ ဆောင်ရွက်နေမှုလုပ်ငန်းများအား လိုက်လံရှင်းလင်းပြသသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးကောင်းမွန်စွာဖြင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို တာဝန်ရှိသူများအားမှာကြားကာ လိုက်လံရှင်းလင်းပြ သမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)