ကျွန်းလှ ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီကုန်သည်များအသင်းနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး အခြေခံစားသောက်ကုန်ဖြစ်သည့် စားသုံးဆီများကို ပြည်သူများဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက်က သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
ထိုသို့ စားသုံးဆီများရောင်းချပေးရာတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင် ဆီငါးဆယ်ကျပ်သားနှုန်းဖြင့် တစ်ပိဿာလျှင် ငွေကျပ် ၈၂၀၀ နှုန်း ရောင်းချပေးခဲ့သည်။
အဆိုပါ စားသုံးဆီရောင်းချပေးနေခြင်းကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
မျိုးဝင်းညို ကျွန်းလှ