ကျွန်းလှ ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပမည့် ရပ်ကွက်၊ ကျေးရွာများတွင် မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ မဲရုံများပြင်ဆင်ထားမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ မဲရုံတာဝန်ကျဌာနဆိုင်ရာများအား မဲရုံများစနစ်တကျ ခင်းကျင်းထားရှိရေး၊ လုံခြုံရေးတို့ကို လေးထားဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
မျိုးဝင်းညို ကျွန်းလှ