မုံရွာမြို့ သန့်ရှင်းသယာလှပရေးနှင့် ဗိုလ်ချုပ်လမ်းမကြီး ဝဲယာသန့်ရှင်းသာယာလှပရေး၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ

မုံရွာ ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ယနေ့နံနက် ၁၀ နာရီက မုံရွာမြို့နယ် အောင်ချမ်းသာရပ်ကွက် ဘုရားသုံးဆူဓမ္မာရုံတွင် ကျင်းပပြုလုပ်သည့် မုံရွာမြို့သန့်ရှင်းသာယာလှပရေးနှင့် ဗိုလ်ချုပ်လမ်းမကြီး ဝဲယာအတွင်း သန့်ရှင်းသာယာလှပရေး၊ ကျန်းမာရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ဦးစွာ အစည်းအဝေးတွင် မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ဇော်က အဖွင့်အမှာစကားပြောကြားပြီးနောက် တက်ရောက်လာကြသော ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မုံရွာမြို့ သန့်ရှင်းသာယာလှပရေးနှင့် ဗိုလ်ချုပ်လမ်းမကြီး ဝဲယာအတွင်း သန့်ရှင်းသာယာလှပရေး၊ ကျန်းမာရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ပြည်သူ့များ၏ဆန္ဒနှင့်အညီ ကွန်ကရစ်ရေနှုတ်မြောင်းများ၊ လမ်းကတ်တုံးခင်းခြင်းများ ပြုလုပ်ဆောင်ရွက်သွားမည့် အ‌ခြေအနေနှင့် မုံရွာမြို့ဗိုလ်ချုပ်လမ်းမကြီးဝဲယာရှိ အစိုးရဌာနဆိုင်ရာများ၊ အိမ်ပိုင်ရှင်များ၊ဈေးဆိုင်ပိုင်ရှင်များနှင့် ယာယီဈေးဆိုင်ပိုင်ရှင်များ မိမိတို့အိမ်ဥပစာ မျက်နှာစာတွင် ကွန်ကရစ်ခင်းခြင်းများကိုလည်း ငါးဦးကော်မတီဖွဲ့စည်းပြီး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ကော်မတီဥက္ကဋ္ဌက တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် အဆိုပါဗိုလ်ချုပ်လမ်းမကြီး ဝဲယာရှိပြည်သူများကိုယ်တိုင် ဥပစာမျက်နှာစာတွင် ကွန်ကရစ်ခင်းခြင်းနှင့် တာဝန်ရှိသူတို့မှ ကွန်ကရစ်ရေနှုတ်မြောင်း ဖောက်လုပ်ခြင်း၊ လမ်းကတ်တုံးခင်းခြင်းများ ဆောင်ရွက်မည့် လုပ်ငန်းများအလိုက် တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)