မြင်းမူမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၂) ကျင်းပလျက်ရှိရာ ပြည်သူများလာရောက်ဆန္ဒမဲပေး

မြင်းမူ၊ ဇန်နဝါရီ ၁၁

မြင်းမူမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ(အပိုင်း-၂)ကို ဇန်နဝါရီလ ၁၁ ရက်နံနက် ၆ နာရီအချိန်၌ မဲရုံများဖွင့်လှစ်ပြီး စတင်ကျင်းပလျက်ရှိရာ မဲရုံအသီးသီး၌ ပြည်သူများ စနစ်တကျတန်းစီ၍ အေးချမ်းပျော်ရွှင်စွာဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်၊၊ 

မြင်းမူမြို့တွင် ရပ်ကွက် ၄ ရပ်ကွက်၊ မဲရုံပေါင်း ၁၂ ရုံ ရှိပြီး မဲဆန္ဒရှင်ဦးရေပေါင်း (၂၄၇၃၁)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်၊၊ 

ပြည်သူများ မဲရုံအသီးသီးတွင် အေးချမ်းပျော်ရွှင်စွာ ဆန္ဒမဲပေးနေမှုများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစိုးဝင်းနိုင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြပြီး အချိုရည်ဗူးများနှင့် ရေသန့်ဗူးများ ဝေငှခဲ့ကြကြောင်း သိရသည်၊၊

(မြို့နယ်ပြန်/ဆက်)