မုံရွာမြို့နယ်၌ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွား

မုံရွာ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ အလုံနယ်မြေမီးသတ်စခန်း၏ မြောက်ဘက် (၄) ဖာလုံခန့်အကွာ၊ အလုံရပ်ကွက်၊ နန်းတော်ဈေးနယ်မြေ၊ မုံရွာ-ဘုတလင် လမ်းမကြီးဘေးတွင် ဇန်နဝါရီလ ()ရက်နေ့ ည ၁၂ နာရီက ဆိုလာဖြင့် ချိတ်ဆက်အသုံးပြုသည့် အင်ဗာတာမှ အပူလွန်ကဲပြီး ရှော့ဖြစ်ရာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်ရာနေရာသို့ ခရိုင်မီးသတ်ဦးစီးမှူး လ/ထညွှန်ကြားရေးမှူး ဦးညီညီဇော်၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုဖေ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဇင်မိုးအောင်၊ အလုံနယ်မြေရဲကင်းမှ ဒုရဲအုပ်ဦးအောင်ဝင်းနိုင်၊ လ/ထမီးသတ်ဦးစီးမှူး ဦးနေလင်းဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျောက်ခဲတို့မှ သွားရောက်စစ်ဆေးခဲ့ရာ  မီးလောင်ဆုံးရှုံးခဲ့ရာ (၄၀×၂၄)ပေ၊ သွပ်မိုးနံကပ်(၂)ထပ်(၁)လုံး (၂၀×၃၀)ပေ၊ သွပ်မိုးနံကပ်(၁)ထပ်(၁)လုံး၊ (၁၆x၂၀)ပေ၊ သွပ်မိုးပျဉ်ကာ(၁)ထပ် (၁)လုံး မီးကူးစက်လောင်ကျွမ်းခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

အဆိုပါ  မီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူအား မုံရွာမြို့မရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)