ဖောင်းပြင် ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယမန်နေ့နံနက် ၆ နာရီကစတင်၍ မဲရုံ ၁၃ရုံ၌ တစ်ပြိုင်နက်ကျင်းပရာ မဲဆန္ဒရှင် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ အေးချမ်းစွာ ဆန္ဒမဲလာရောက်ပေးလျက်ရှိသည်။
ဖောင်းပြင်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၁၈၆၁၆ ဦးရှိပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ ၃ပါတီမှ (FPTP)စနစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာတွင် ၃ဦး၊ (PR)စနစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာတွင် ၂ဦး၊ (FPTP)စနစ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာတွင် ၃ဦး၊ (PR)စနစ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နေရာတွင် ၂ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)