စစ်ကိုင်း ဇန်နဝါရီ ၁၂
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတန်းအလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သင်ကြား၊ စီမံဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အတန်းအလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ဆုရရှိကြသောပြိုင်ပွဲဝင် အသင်းများအား ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်းနှင့် တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇန်နဝါရီ လ ၁၀ ရက်မှ ၁၁ ရက်နေ့အထိ ၂ ရက်ကျင်း ပခဲ့ပြီး ပြိုင်ပွဲဝင်အသင်း (၁၀)သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
နေလင်းအောင်(ပြန်/ဆက်)