မုံရွာ၊ ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ် တွင် ယမန်နေ့ နံနက် ၆ နာရီမှ စတင်ကာ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အပိုင်း(၂)အဖြစ် ကျင်းပခဲ့ရာ ညနေ ၄ နာရီ အချိန်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ေကြာင်းသိရသည်။
မဲရုံများသို့ မဲဆန္ဒရှင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ သွားရောက်၍ ဆန္ဒမဲများပေးနိုင်ရေး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် အောင်မြင်စွာ ပြီးမြောက်စေရန် မဲပေးနေမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ခရိုင် (ပြန် /ဆက်)