ရွှေဘို ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီးဘောလီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် (၂) နာရီအချိန်တွင် အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခဲ့ပြီး ရွှေဘိုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမြယဉ်ယဉ်ငြိမ်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အားကစားသည် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ကာယကျန်းမာရေး ကောင်းမွန်စေရန်၊ စည်းလုံးညီညွတ်မှုနှင့်အဖွဲ့အစည်းစိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်သည့် အရေးပါသော လှုပ်ရှားမှုဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရွှေဘိုတက္ကသိုလ်ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာ မြယဉ်ယဉ်ငြိမ်း၊ ပါမောက္ခ(ဌာနမှူး)များ၊ သင်ကြားရေးဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။ အဆိုပါဘာသာရပ်ပေါင်းစုံ ဘောလီဘောပြိုင်ပွဲကို (၁၂.၁.၂၀၂၅) ရက်နေ့မှ (၁၆.၁.၂၀၂၆)ရက်နေ့ထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း(၇)သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)