စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကလေးဝမြို့တွင် ပလတ်စတစ်ကင်းစင်ရေး စုပေါင်းအမှိုက်ကောက်ပွဲပြုလုပ်

ကလေးဝ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပလတ်စတစ်ကင်းစင်ရေး စုပေါင်းအမှိုက်ကောက်ပွဲကိုယနေ့နံနက် ၁၀ နာရီက ကလေးဝမြို့ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစုပေါင်းအမှိုက်ကောက်ပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရာဇာဝင်းက ပလတ်စတစ်ကင်းစင်ရေး စုပေါင်းအမှိုက်ကောက်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

ထို့နောက်စုပေါင်းအမှိုက်ကောက်ပွဲကို မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှတ်(၁) အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စုပေါင်း၍ ကျောင်းဝန်းအတွင်းနှင့် ကျောင်းပတ်ဝန်းကျင်အား ပလတ်စတစ်ကင်းစင်ရေး စုပေါင်းအမှိုက်ကောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)