မုံရွာမြို့အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) လယ်တီတွင် လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မုံရွာ ဇန်နဝါရီ ၁၅

ကျောင်းသား ကျောင်းသူ လူငယ်လေးများ အသိပညာ ဗဟုသုတများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့လယ်တီရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်များပြသခြင်း၊ သုတရသစာအုပ်များ အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးကလေးအလုပ်သမားပပျောက်ရေးအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ဦးစီးအရာရှိ ဦးရဲနောင်ချစ်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ကျောင်းသားကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်း၊ သုတ/ရသစာအုပ်များ အခမဲ့ငှားရမ်းပေးခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)