နန်းယွန်းမြို့တွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

နန်းယွန်း ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့တွင် ကျရောက်မည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကြီးအကြို အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှု ကော်မတီရုံး ရောကော့ရပ်ကွက်ရိုးရာအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကြီးအထိမ်းအမှတ် အားကစားပြိုင်ပွဲများကို မြို့နယ်နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်သူများ ကိုယ်ကာယ ကျန်းမာ‌ကောင်းမွန်‌စေရန်၊ စည်းလုံးမှုနှင့်အဖွဲ့စည်းစိတ်ဓါတ်ကို မြှင့်တင်‌ပေးနိုင်သည့် အရေးပါသော လှုပ်ရှားမှုအဖြစ်ရည်ရွယ်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများ ပူးပေါင်းပြီး ၂၀၂၆ ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကြီး အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိသည်။

အဆိုပါအထိမ်းအမှတ်အားကစားပြိုင်ပွဲတွင် ရိုးရာအားကစားပြိုင်ပွဲများဖြစ်သည့် လှံတံပစ်အားကစားပြိုင်ပွဲ၊ လောက်လွှဲပစ်အားကစားပြိုင်ပွဲနှင့် ရိုးရာစပါးထောင်းပြိုင်ပွဲစသည့် အားကစားနည်းများဖြင့်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှိမ့်သိမ်းဆုရရှိသူတို့အား သက်ဆိုင်ရာတာဝန်ရှိသူတို့က ဆုများအသီးသီးဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)