တမူးမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကျင်းပ

တမူး ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အမှတ် (၂) အခြေခံပညာ မူလတန်းလွန်ကျောင်းမှကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးတမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သိန်းစိုးက လူငယ်နှင့်စာပေဒုတိယဦးစီးမှူး ဒေါ်မာမာဝင်းက လူငယ်နှင့်စာပေ၊စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်များဖြင့် ဟောပြောခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

ဆက်လက်၍ စာအုပ်စာစောင်ပြပွဲ၊ ကလေးအလုပ်သမားပပျောက်‌ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်း၊ မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှု‌လေ့လာခဲ့ကြကြောင်း သိရသည်။

တမူးခရိုင် (ပြန်/ဆက်)