မော်လမြိုင် ဩဂုတ် ၅
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ်ဆောင်နှင့် ပညာရေးကောလိပ်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်လာသော နေရပ်ပြန်ကျား(၇၃)ဦးနှင့်မ(၅၂)ဦး စုစုပေါင်း(၁၂၅)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများကလက်ခံ၍ အဖျား တိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင် များသို့ နေရာချ ထားပေးကြောင်း သိရသည်။
ထိုသို့Quarantine ဝင်ရောက်လာသောနေရပ်ပြန်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေး ဝန်ထမ်းများ၊ CBFQ ကွပ်ကဲရေးစခန်းမှတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီသူနာပြု၊ တပ်ဖွဲ့အရန် မီးသတ် တပ်ဖွဲ့ဝင်များ၊ ဘိုဘိုဝင်းအရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တို့က နွေးထွေးစွာကြိုဆို ကြပြီး အဖျားတိုင်းခြင်း၊ စာရင်းသွင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ ပို့ဆောင်ပေးခြင်း၊ စားရေး သောက်ရေးစီစဉ်ပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။
Quarantine ဝင်ရောက်လာသူများကို အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း၌ ထားရှိပြီး အာခေါင် တို့ဖတ်၊ နှာခေါင်း တို့ဖတ်တို့အား ရယူ၍ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု ရှိ/မရှိ ဓါတ်ခွဲမှုဆိုင်ရာ ဌာနသို့ပို့ ဆောင်စစ်ဆေးသွားမည်ဖြစ်ပြီး ရက်သတ္တ တစ်ပတ်တွင်ကျန်းမာရေး စစ်ဆေးမှုတစ်ကြိမ် ဆောင်ရွက်ပေးကာ ရောဂါပိုးမတွေ့ရှိပါကသက်ဆိုင်ရာမြို့နယ်သို့ လွှဲပြောင်းပြီး မြို့နယ်များမှ(၂၁)ရက် ကန့်သတ် စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ မေလ(၁)ရက်နေ့မှယနေ့အထိ ပြည်ပနိုင်ငံအသီးသီးမှ နေရပ်ပြန်လာသူပေါင်း (၉၇၁၇)ဦး ရှိပြီးဖြစ်ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)