မော်လိုက် ဇန်နဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဇန်နဝါရီလနံနက် (၁၁) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်ယာယီနေရပ်စွန့်ခွာပြည်သူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မော်လိုက်မြို့နယ်အတွင်း၌ ယာယီနေရပ် စွန့်ခွာလာသည့် အိမ်ထောင်စု (၃၂၄) စုရှိ လူဦးရေ (၁၀၅၇) ဦးအတွက် တစ်ဦးလျှင် ၆၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၆၃၄၂၀၀၀၀)အား တစ်ဦးချင်းလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုထက်