ချောင်းဆုံ ဇန်နဝါရီ ၂၉
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေးနှင့် ဆောင်းသီးနှံ စိုက်တောင်သူများ မျိုးကောင်းမျိုးသန့်များကို နည်းစနစ်မှန်ကန်စွာစိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်းနေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် တာဝန်ရှိသူများက ဇန်နဝါရီ (၂၈) ရက်နေ့က ခရိုက်နှီဟုကျေးရွာ ဆီထွက်သီးနှံနေကြာ ဧက(၃၅၀)အကွက်ကျယ် နေကြာစိုက်ကွက်များသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ချောင်းဆုံမြို့နယ်အတွင်း (၂၀၂၅-၂၀၂၆) ခုနှစ် ဆီထွက်သီးနှံ (၃၆၆၄) ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ ဆီထွက်သီးနှံနေကြာ(၃၅၅၀)ဧက၊မြေပဲ (၁၀၁) ဧက နှင့်နှမ်း(၃၃)ဧက စုစုပေါင်း ဆီးထွက်သီးနှံ(၃၆၈၄)ဧကစိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း ဆောင်းသီးနှံ စိုက်ပျိုး ထုတ်လုပ်မှုအနေဖြင့် ဆီထွက်သီးနှံ(၃၆၈၄)ဧက၊ နွေစပါး (၁၀၅) ဧက၊ပဲမျိုးစုံ (၅၈၆၄) ဧက ဆောင်းသီးနှံ စုစုပေါင်း (၉၆၅၆) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း တောင်သူများလိုအပ်သည်များကို တာဝန်ရှိသူများမှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ကိုကျော်