လွိုင်ကော် ဇန်နဝါရီ ၃၁
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ဌာနဆိုင်ရာရုံးများ၊ ကျောင်းများ၌ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ ပြည်နယ်တရားလွှတ်တော်နှင့် တိုင်းရေးဆေးပညာဦးစီးဌာနတို့တွင် ဝန်ထမ်းများက ရုံးနှင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ ကယားပြည်နယ်ရုံးသို့ရောက်ရှိပြီး ဝန်ထမ်းများ သန့်ရှင်းရေးဆောင်ရွက်နေမှု များကို ကြည့်ရှုအားပေးကာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သံကူကွန်ကရစ်နှစ်ထပ် အဆောက်အအုံအသစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(လွိုင်ကော်)၌ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်သို့ရောက်ရှိကာ ဆရာ/ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများ သန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းပတ်ဝန်းကျင် စိမ်းလန်း စိုပြည်မှုရှိစေရေး၊ ဝန်ထမ်းနှင့်သင်တန်းသားအိပ်ဆောင်များ အတွင်း/အပြင် သန့်ရှင်းသပ်ရပ်မှု ရှိစေရေးကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရန်နှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေး ဂရုပြုဆောင်ရွက်ရန်မှာကြားခဲ့ပြီး သင်တန်းသား/သင်တန်းသူများအား ရင်းရင်း နှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)