ကယားပြည်နယ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း

လွိုင်ကော်  ဖေဖော်ဝါရီ  ၂

ကယားပြည်နယ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံတော်ကချမှတ်ထားသည့် အမျိုးသားရေးဦးတည်ချက်များနှင့်အညီ စည်ကားသိုက်မြိုက်အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းကော်မတီနှင့်ဆပ်ကော်မတီများက ပူးပေါင်းဆောင်ရွက်ကြရန်၊ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားမည့် အခမ်းအနားတွင် မြို့မိမြို့ဖများ၊ တိုင်းရင်းသားပြည်သူများ စုံလင်စွာတက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် ပြောကြားသည်။

ထို့နောက် ဒေသကွပ်ကဲရေးမှူး၊ လူမှုရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တက်ရောက်လာသည့် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီဝင်များက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)