ရွှေဘို ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ရွှေဘိုမြို့ရှိ အ.ထ.က(ခွဲ)၊ အ.လ.က-၁၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးကြည်မက ကလေးအလုပ်သမားများ၏ အခွင့်အရေးများ၊ ကလေးအလုပ်သမား ဖြစ်ပေါ်လာရသည့် အကြောင်းအရင်းများ၊ ပညာရေးနှင့်လူမှုဘဝအပေါ်သက်ရောက်မှုများအပြင် ကလေးအလုပ်သမားပပျောက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို အသေးစိတ်ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများက ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်မျာကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)