ချောင်းဆုံ ဖေဖော်ဝါရီ ၅
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေစေရေး စိုက်ပျိုးမွေးမြူရေး လယ်ယာကဏ္ဍ အသားငါးကဏ္ဍထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အတွင်းရှိ အထွေထွေစီးပွားရေးသမဝါယမအသင်းများသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ နိုင်ငံ့စီးပွားထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက အမှာစကားပြောကြားခဲ့ပြီး ကရင်ဝင်းစိန် မွေးမြူရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းရှိ တနိုင်တပိုင်နွားမွေးမြူသည့် အသင်းသား (၂၁) ဦးအား နိုင်ငံ့စီးပွား ထောက်ပံ့ငွေကျပ် (၁၅၄) သိန်းကျော်အား တာဝန်ရှိသူများမှပေးအပ်ခဲ့ရာ ကရင်ဝင်းစိန် မွေးမြူရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းဥက္ကဋ္ဌ ဦးစောစံထူးကျော်က လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)