နေပြည်တော် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်လှစ်

ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းတွင် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၆)  သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးတိုးဝင်းက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီးအရန်မီးသတ်တပ်ဖွဲ့ဝင်များအားထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့  ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် အခြေခံမီးသတ်ပညာရပ်များ၊ ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များ ကျွမ်းကျင်ပြီး အရည်အသွေးတိုးတက်ပြည့်ဝစေရေး၊ ခေတ်မီမီးသတ်ပစ္စည်းကိရိယာများ ၊ ခေတ်မီ ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများကို စနစ်တကျကိုင်တွယ်အသုံးပြုတတ်စေရေး၊ သဘာဝ ဘေးအန္တရာယ်များနှင့် အခြားသောရုတ်တရက်ဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်များ မတော်တဆ ဖြစ်ပွားမှုကြုံတွေ့လာပါက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနည်းတူ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ပူးပေါင်း ဆောင်ရွက်တတ်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးတိုးဝင်း၊ နေပြည်တော်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြတ်သီဟ နှင့် တိုင်းအဆင့် ဌာနဆိုင်ရာအရာရှိကြီးများ၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာ အရာရှိများနှင့်ဘာသာရပ်ဆိုင်ရာနည်းပြများ၊  သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တင့်ဖူးခိုင်(ပြန်/ဆက်)