တန့်ဆည် သြဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးအပေါ်ထိခိုက်မှု သက်သာရေး စီမံချက် (CERP)အရ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်လာစေရန်ရည်ရွယ်၍ ယနေ့ နံနက်(၉) နာရီအချိန်က ရွာမအုပ်စု၊ ရွာမကျေးရွာ တိရစ္ဆာန်မွေးမြူရေးခြံ၌ တိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်မှုသင်တန်း ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါတ်တာမြင့်မြင့်ခိုင်က သင်တန်းဖွင့်လှစ် ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒု-ဦးစီးမှူးဒေါက်တာအိမွန်စိုးက တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်သက်၍ ကာကွယ်ရေးနည်းလမ်းများ၊ မွေးမြူရေးဆိုင်ရာ နည်းပညာများ၊ဒု-ဦးစီးမှူး ဒေါက်တာ မင်းထွေးက ဝက်မွေးမြူရေးနှင့် ပတ်သက်၍ မွေးမြူရေးဆိုင်ရာနည်းလမ်းများ၊ ဝက်များတွင် ဖြစ်ပွားလေ့ရှိသောရောဂါများ၊ ကာကွယ်ရေးဆိုင်ရာနည်းလမ်းများအား ဆွေးနွေးပို့ချခဲ့သည်။
အဆိုပါသင်တန်းသို့ ရွာမကျေးရွာအုပ်စု၊ ရွာမကျေးရွာ၊ကတိုးကုန်းကျေးရွာ၊ညောင်ကုန်းကျေး ရွာများမှ (၁)ရွာလျှင် သင်တန်းသား/သူ(၂၀)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းအမျိုးအစားခွဲခြား၍ သင်တန်းနည်းပြများက သင်ကြား ပို့ချ ခဲ့ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှသိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)