ကန့်ဘလူ မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူး၍ ဌာနတွင်းနှင့် ဆက်စပ်ဌာနများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပြန့်ပွားရေးသင်တန်းကို မတ် ၁၆ ရက်နံနက် ၁၀ နာရီခွဲက အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဦးညီညီစိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းအကြောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်နွယ်ဦးက မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရယ်၊ဒုတိယဦးစီးမှူး ဒေါ်မွန်မွန်သော်က အဖိုးတန်ရေသယံဇာတထိန်းသိမ်းကြ၊ ဒုတိယဦးစီးမှူး ဦးကျော်မျိုးထက်က ရာသီဥ တုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ဇင်က အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ ခရိုင်စားသုံးသူရေး ရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူများနှင့် ပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှု စသည့်ခေါင်းစဥ်များဖြင့် ဆွေးနွေးဟောပြောကြသည်။
အဆိုပါသင်တန်းသို့ သင်တန်းသားသင်တန်းသူ ၂၅ ဦးတက်ရောက်ကြပြီး သင်တန်း ကာလ မတ် ၁၆ ရက်မှ ၁၈ ရက်ထိ သုံးရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)