ကန့်ဘလူ မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ်ကို မတ် ၁၇ ရက်နံနက် ၉ နာရီက ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထိုသို့ဖြေဆိုရာတွင် ကန့်ဘလူမြို့နယ်၌ အထက( ၁)ကန့်ဘလူစာစစ်ဌာနနှင့် အထက(ထန်းကုန်း) စာစစ်ဌာနတို့၌ ဇီဝဗေဒဘာသာရပ်တွင် ကျောင်းသား ၂၃၄ ဦး၊ ကျောင်းသူ ၃၃၆ ဦး၊ ဘောဂဗေဒ ဘာသာရပ်တွင် ကျောင်းသား ၂၁၄ ဦး၊ ကျောင်းသူ ၁၆၀ ဦး စုစုပေါင်း ၉၄၄ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဖြေဆိုမှုရာခိုင်နှုန်းအနေဖြင့် ၉၇ ဒသမ ၄၂ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသားကျောင်းသူများ စာမေးပွဲကို စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ဆရာ ဆရာမများ၊ ဌာနဆိုင်ရာများ၊ နယ်မြေလုံခြုံရေးတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)