ပန်ဆောင် မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့၌ ကိုင်းဆန်မျိုးနွယ်စုတို့၏ မွမ်းတမ်းကုပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို မြို့အုပ်ချုပ်ရေးမှုးဦးယန်းဝါးက အမှာစကားပြောကြားပြီး နန်းယွန်းမြို့နယ် ညီညွတ်သော တန်ရှန်းနာဂကောင်စီဥက္ကဋ္ဌ ဦးချစ်ယောင်းမှ ကိုင်းဆန်သမိုင်းအကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခလရ ၁၂၆ တပ်ရင်းမှူး၊ မြို့အုပ်ချုပ်ရေးမှုး၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ နာဂရိုးရာစာပေနှင့် ယဥ်ကျေးမှုကော်မတီဥက္ကဋ္ဌအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပန်ဆောင်( ပြန်/ဆက်)