ကလေးဝ မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့အား ကလေးဝမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ နံနက် ၉ နာရီက စတင်၍ ကျောင်းသား ကျောင်းသူများက အေးချမ်းစွာ ဖြေဆိုခဲ့သည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်အား ဖြေဆိုသူ စာရင်းရှိ ၄၀ ဦး၊ ပျက်ကွက် ၁ ဦး၊ စုစုပေါင်း ဖြေဆိုသူ ၃၉ ဦး ဖြေဆိုခဲ့ရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၇ ဒဿမ ၅၀ ရာခိုင်နှုန်းဖြေဆိုခဲ့ပြီး ဘောဂဗေဒဘာသာရပ်အား ဖြေဆိုသူ စာရင်းရှိ ၁၄၂ ဦး၊ ပျက်ကွက် ၁ ဦး၊ စုစုပေါင်း ဖြေဆိုသူ ၁၄၁ ဦး ဖြေဆိုခဲ့ရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၉ ဒဿမ ၃၀ ရာခိုင်နှုန်း ဖြေဆိုခဲ့ကြသည်။
အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား ကျောင်းသူများ လုံခြုံချောမွေ့ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများပါဝင်သော ပူးပေါင်းအဖွဲ့က အပြင်စည်းလုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)