ချောင်းဆုံ မတ် ၁၈
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၁၇) ရက်နေ့ မွန်းတည့် (၁၂) နာရီက (အထက) ချောင်းဆုံစာစစ်ဌာနတွင် နောက်ဆုံးနေ့ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။အဆိုပါ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၉၄)ဦး စာရင်းပေးသွင်းကြပြီး ဇီဝဗေဒ ဘာသာရပ်စာရင်းရှိ (၂၅၈) ဦးမှ ဖြေဆိုသူ(၂၅၂)ဦး ပျက်ကွက် (၆) ဦးနှင့် ဘောဂဗေဒဘာသာရပ် စာရင်းရှိ (၄၃၆) ဦးမှ ဖြေဆိုသူ (၄၂၅) ဦး ပျက်ကွက် (၁၁) ဦး စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ (၆၇၇) ဦး ဖြေဆိုမှု (၉၇.၅၅) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
စာမေးပွဲဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများမှ အချိုရည်နှင့် သောက်ရေသန့်ဘူးများအား ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ ကျောင်းသူများမှ အေးချမ်းပျော်ရွှင်စွာနှင့် ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)