စစ်ကိုင်း မတ် ၁၈
စစ်ကိုင်းမြို့၌ Fire Hotspot လျှော့ချရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုများလျှော့ချနိုင်ရေး၊ မီးခိုးမြူငွေ့တွင်ပါဝင်သည့် လေထုညစ်ညမ်းစေသည့်အရာများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့် လူသားနှင့် ပတ်ဝန်းကျင်အပေါ်အန္တရာယ်သက်ရောက်မှု မရှိစေရေး ပြည်သူများသိရှိနိုင်ရန်အတွက် စစ်ကိုင်းခရိုင်အဆင့် နယ်စပ်ဖြတ်ကျော် မီးခိုး မြူငွေ့လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက စစ်ကိုင်း-မုံရွာကားလမ်း၊ ကျော်ထက်ကွေ့မီးပွိုင့်အနီး၌ ဖြတ်သန်းသွားလာပြည်သူများထံ “နိုင်ငံအတွင်း မီးခိုးမြူငွေ့ အန္တရာယ်ဝိုင်းဝန်းစုပေါင်းဒို့ကာကွယ်” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့သည်။
ထို့နောက် စစ်ကိုင်းခရိုင်အဆင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လုပ်ငန်းအဖွဲ့ အဖွဲ့ဝင် များသည် မင်းဝံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ တောမီးမရှို့စေရေး၊ တောမီးကူး စက်လောင်ကျွမ်းမှုမရှိစေရေး၊ သစ်တောဧရိယာအနီး နေထိုင်သူများမှ သစ်ရွက်ခြောက်နှင့် အမှိုက်များ မီးမရှို့စေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နေလင်းအောင်