စစ်ကိုင်း မတ် ၁၈
စစ်ကိုင်းမြို့တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ စာစစ်ဌာနများအလိုက် ကျောင်းသား/ ကျောင်းသူများ ဖြေဆိုလျက်ရှိသည်။
စစ်ကိုင်းမြို့တွင် စာစစ်ဌာန(၅)ခုဖွင့်လှစ်ထားရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် စာရင်းရှိ ကျောင်းသား/ကျောင်းသူ (၂၀၂၉) ဦးနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးတက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူ(၂၂)ဦးရှိပြီး စုစုပေါင်း (၂၀၅၁)ဦးရှိရာ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ(၁၉၄၆)ဦး၊ ပျက်ကွက်သူ(၁၀၅)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
အဆိုပါစာစစ်ဌာနငါးခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးသော ကျောင်းသား/ ကျောင်းသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိနှင့်အဖွဲ့ဝင်များက အချိုရည်နှင့်မုန့်များ ဝေငှပေးခဲ့ကြောင်းသိရသည်။
နေလင်းအောင်(ပြန်/ဆက်)