ကန့်ဘလူ မတ် ၁၈
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(Grade- 12) ဖြေဆိုကြသည့် စာဖြေကျောင်းသား/ကျောင်းသူများအား အားဖြည့်အချိုရည် လှူဒါန်းခြင်းကို မတ် ၁၇ ရက်မွန်းတည့် ၁၂ နာရီက ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
အားဖြည့်အချိုရည်ဘူးများလှူဒါန်းရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးတို့၏ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်အမျိုးသမီးရောရာအဖွဲ့ဝင်များက စာမေးပွဲဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများ၊ စာမေးပွဲခန်းကြီးကြပ်ရေး ဆရာဆရာမများအား အချိုရည်ဘူးများ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းကြကြောင်း သိရသည်။ ထို့ပြင်ယမန်နေ့ကလည်း စာဖြေကျောင်းသားကျောင်းသူများကို အားဖြည့်အချိုရည်ဘူးများ ပေးအပ်လှူဒါန်းခဲ့ကြသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)