သံဖြူဇရပ်၌ မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များနှင့် စျေးဆိုင်များ မီးဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်‌

သံဖြူဇရပ် မတ် ၂၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိ၍ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များမှ မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များနှင့် စျေးဆိုင်များအား မတ် ၁၈ ရက်နေ့တွင် မီးဘေးလုံခြုံရေးစစ်ဆေးသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ ပူးပေါင်းအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ နေအိမ်များနှင် စျေးဆိုင်များသို့ သွားရောက်ပြီး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လျှပ်စစ်ဝိုင်ယာကြိုးများ သွယ်တန်းထားရှိမှု၊ မီးသတ်ဆေးဘူးများ အသုံးပြုပုံနှင့် အသုံးပြု၍ ရ/မရ၊ ချက်ပြုတ်စားသောက်ရာတွင် စနစ်တကျရှိစေရေးနှင့် ဂတ်စ်မီးဖိုများ စနစ်တကျအသုံးပြုစေရေး၊

ရောင်းချနေသည့် ပစ္စည်းများ စနစ်တကျထားရှိ ရေးစစ်ဆေးခဲ့ကြပြီး၊ အရေးပေါ်တယ်လီဖုန်းနံပါတ်များထားရန်၊ မီးလောင်မှု၊ မီးလန့်မှုများဖြစ်ပွားပါက လက်ဦးမှုရယူငြှိမ်းသတ်ပြီး အချိန်နှင့်တစ်ပြေးညီ မီးသတ်စခန်းသို့ အကြောင်းကြားရန် အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)