လေရှီးမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ‌နောက်ဆုံးနေ့ အောင်မြင်စွာဖြေဆိုပြီးမြောက်

လေရှီး မတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်ရက် (၁) ဘာသာဖြင့် (၁၁)ရက်နေ့တွင် မြန်မာစာဘာသာကို စတင်ဖြေဆိုခဲ့ကြပြီး ယနေ့နေ့လယ် (၁၂) နာရီအချိန်တွင် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုလျက်အထူးပြုဘာသာရပ်များမရှိ၍ ဘာသာစုံအောင်မြင်စွာ ဖြေဆိုပြီးမြောက်ခဲ့ကြောင်း သိရသည်။

လေရှီးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၅) ကျောင်း၊ အ.ထ.ကခွဲကျောင်း (၁) ကျောင်းရှိပြီး အဆိုပါကျောင်းများမှ STEAMS-1 ကျောင်းသား/သူ (၂၄) ဦး၊ STEAMS-2 ကျောင်းသား/သူ (၄၉)ဦး၊ STAMS-1 ကျောင်းသား/သူ (၂၀၃) ဦး စုစုပေါင်း (၂၇၆) ဦး၊ ပျက်ကွက်(-) မရှိ စိတ်တည်ငြိမ်အေးချမ်း၍ အောင်မြင်စွာ စာ‌မေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ကျောင်းသားမိဘများ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ ပြည်သူများပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲနောက်ဆုံးရက်တွင်လည်း ကျောင်းသား/သူများအား မုန့်နှင့်အချိုရည်များတိုက်ကျွေးလျက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ကျောင်းသားမိဘများက အားပေးကြိုဆိုခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)