ကျိုက်ထို မတ် ၂၄
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင်ဆံတော်ရှင် ကျိုက်ထီး ရိုးစေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ အာရုံခံမှန်တန်ဆောင်းတိုးချဲ့လှူဒါန်းခြင်း ကောင်းမှုရေစက်ချ အခမ်းအနားကို မတ် ၂၂ ရက်နေ့ နံနက်ပိုင်းက ဆံတော်ရှင်ကျိုက်ထီးရိုးရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်အနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် သြဝါဒစရိယဘန္ဒန္တဥူးသုမန (အဂ္ဂမဟာသဒ္မဇောတိကဓဇ) သာသနာ့ဟိတသီရိ ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်၊ အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇျယ်ချီးမြှင့်တော်မူခဲ့သည်။
ယင်းနောက် ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ဝင် ဦးတင်လှနှင့် အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်၊ အရှင်သူမြတ်များထံ နဝကမ္မလှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ရာ ဆံတော်ရှင်ကျိုက်ထီး ရိုးစေတီတော်သြဝါဒစရိယ ဘန္ဒန္တဥူးသုမနမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာကြားကာရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)