မုဒုံမြို့၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ၁၂၀ ပြည့်နှစ် အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မုဒုံ မတ် ၂၅

မွန်ပြည်နယ် မုဒုံမြို့တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ၁၂၀ ပြည့်နှစ် အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အ..က () ကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၃၇ဦးကလူသားနှင့်မင်္ဂလာတရားတော်” ခေါင်းစဥ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး မြို့နယ်ပညာရေးမှူးရုံးမှ ကြီးကြပ်၍ မြို့နယ်ပညာရေးမှူး ဦးမင်းဋ္ဌေးဦး၊ မြို့နယ် (YMBA) အသင်းဥက္ကဋ္ဌ ဦးလင်းခိုင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)