ချောင်းဆုံ ဩဂုတ် ၅
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ယမန်နေ့ က မြို့နယ် အတွင်းရှိ သက္ကောကျေးရွာအုပ်စု ပလိုင်ဝမ်းကျေးရွာနှင့် ကမာကေးကျေးရွာတို့တွင် သစ်ပင်ပြိုလဲခြင်းနှင့် သစ်ပင်ပိ၍ နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ကမာကေးကျေးရွာရှိ (၂၀ပေ၊၁၀ပေ၊ ၁၅ပေ)(ဓနိမိုး၊ ဝါးထရံကာ ပျဉ်ခင်း) ဦးတင်မြင့်နေအိမ် ပေါ်သို့ လုံးပတ် (၄)ပေအမြင့်အရှည် ပေ(၂၀)ရှိ သရက်ပင်တစ်ပင်ပိ၍ အိမ်ပြို ကျ ပျက်စီး ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (၂၅၀၀၀၀) ကျပ်ခန့်ရှိကြောင်း၊ အလားတူ သက္ကောကျေးရွာအုပ်စု ပလိုင်ဝမ်းကျေးရွာတို့တွင် ရော်ဘာပင်များပြိုလဲခဲ့ကြောင်း၊ အဆိုပါ ဖြစ်ပွားသည့်နေရာများသို့ မြို့နယ်တာဝန်ရှိသူများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များတို့က သွားရောက်ရှင်းလင်းခဲ့ကြပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ လူနှင့် တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)