ကျိုက်ထိုမြို့နယ်တွင် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး

ကျိုက်ထို မတ် ၂၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်းကို မတ်လ ၂၄ ရက်မွန်းလွဲပိုင်းက မြို့နယ်အတွင်းရှိ ကားဂိတ်များတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကားလက်မှတ်ကို သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ၊ ပစ္စည်းများကို တန်ဆာခရယူသယ်ဆောင်ရာတွင် ပေးပို့သူ စိတ်ချလုံခြုံမှုရရှိနိုင်မှုရှိ/မရှိ စစ်ဆေးခြင်း၊ ကုန်ပစ္စည်းများကို သတ်မှတ်ရက်အတွင်း ပို့ဆောင်မှုရှိ/မရှိစစ်ဆေးခြင်း၊ ယာဉ်အတွင်း မကောင်းသောအနံများမရှိစေရန်၊ ကွမ်းတံထွေး၊ အမှိုက်ကဲ့သို့သော ပစ္စည်းများမရှိစေရန် သန့်ရှင်းမှုရှိ/မရှိစစ်ဆေးခြင်းနှင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများအနေဖြင့် အသုံးပြုသူ စိတ်‌ကျေနပ်မှုရှိစေရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်/မြို့နယ်တာဝန်ခံနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုး (ပြန်/ဆက်)