ဇမ္ဗူသီရိ မတ် ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား မတ် ၂၆ ရက်နေ့ ညနေပိုင်းတွင် သပြေကုန်းဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်သူများအားဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သပြေကုန်းဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်သူများအား ဖြန့်ဝေပေးခြင်းဖြစ်ပြီး လက်ကမ်းစာစောင်တွင် " ခိုင်ကျည်ရဲဝံ့စွန့်စားသည့် သန္နိဋ္ဌာန်စိတ်ထားဖြင့် ထာဝစဉ်ရှင်သန်ရပ်တည် " "(၈၁) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ " ၊ " တပ်မတော်၏စွမ်းရည်သုံးရပ် "၊ " တပ်မတော်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပုံ " ၊ ၂၀၂၅ ခုနှစ်၊ " မတ်လ ၂၇ ရက်နေ့ နှစ် (၈၀) ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက် " ၊ အားသစ်စေကြောင်းပြည့်သားကောင်း " ကဗျာနှင့် ကာတွန်းစသည့်အချက်များပါဝင်ပြီး လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ အခမဲ့ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)